KG(Space) & Grade-1(Global) သားသားမီးမီးလေးများ FUTURE STARS LIBRARY သို့ သွားရောက်ပြီး စာအုပ်များအကြား စိတ်ကူးယဉ်ကမ္ဘာထဲ စူးစမ်းလေ့လာခဲ့ကြပါတယ်။ ပုံပြင်စာအုပ်များ၊ ဗဟုသုတစာအုပ်များကို ဖတ်ရှုရင်း ကလေးများ၏ စိတ်ကူးယဉ်အတွေးအခေါ်များကို ဖွံ့ဖြိုးစေသလို အသိပညာအသစ်များကို ရရှိစေပြီး စာဖတ်ခြင်းကို ချစ်ခင်နှစ်သက်လာစေခဲ့ပါတယ်။
စာဖတ်ခြင်းသည် – စကားလုံးအသစ်များ၊ သဒ္ဒါနည်းများကို သင်ယူနိုင်စေပြီး စိတ်စူးစမ်းမှုနှင့် အတွေးအမြင်များ တိုးပွားစေကာ ပျော်ရွှင်မှု၊ သင်ယူမှုနှင့် အနာဂတ်အလင်းကို ပေးစွမ်းနိုင်ပါတယ်။ ကလေးတိုင်းရဲ့ ရယ်မောပျော်ရွှင်မှု၊ စာဖတ်ရင်း ဖန်တီးသည့် အတွေးအခေါ်များနှင့် အတူတူ သင်ယူခဲ့သည့် အချိန်တိုင်းသည် အမှတ်တရအလှများနဲ့ ပြည့်နေခဲ့ပါတယ်
#FutureStarsLibrary #FUTURE_STARS #PRIVATE_SCHOOL #PRESCHOOL









