🌻အနာဂတ်ခေါင်းဆောင်ကောင်းများကို မွေးထုတ်ပေးရန် ရည်ရွယ်၍ FUTURE STARS PRIVATE SCHOOL တွင် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ ကို ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။
🌻အခမ်းအနားတွင် ကျောင်းကောင်စီသီချင်း ကို ဂုဏ်ယူစွာ သီဆိုခဲ့ကြပြီး၊ ရွေးချယ်ခံရသော ကျောင်းကောင်စီအဖွဲ့ဝင်များ သည် ကျောင်းသားခေါင်းဆောင်များအဖြစ် တာဝန်ယူဆောင်ရွက်မည့် စိတ်ဓာတ်ကို ဖော်ပြလျက် သစ္စာအဓိဋ္ဌာန် (၄) ချက် ကို အတူတကွ ရွတ်ဆိုကာ လေးနက်စွာ အဓိဋ္ဌာန်ပြုခဲ့ကြပါတယ်။
🌻ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းကောင်စီအဖွဲ့ဝင်များအား တရားဝင် တာဝန်အပ်နှင်းခဲ့ပြီး၊ ကျောင်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်၊ စည်းကမ်းကို လေးစားလိုက်နာရန်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို အကျိုးပြုစွာ ဝန်ဆောင်မှုပေးရန်နှင့် မိမိတို့၏ တာဝန်များကို ရိုးသားစွာ၊ တာဝန်ယူမှုအပြည့်ဖြင့် ထမ်းဆောင်သွားကြရန် တိုက်တွန်းအားပေးခဲ့ပါတယ်။
🌻🌻FUTURE STARS PRIVATE SCHOOL အနေဖြင့် ပညာရေးထူးချွန်မှုသာမက Leadership, Responsibility, Respect, Teamwork နှင့် Integrity တို့ကို အခြေခံ၍ အနာဂတ်လူမှုအသိုင်းအဝိုင်းကို ဦးဆောင်မည့် ခေါင်းဆောင်ကောင်းများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိပါကြောင်း လေးစားစွာ ဖော်ပြအပ်ပါတယ်ရှင်။
🌟 “Today’s Student Leaders, Tomorrow’s Nation Builders.”








