🙏💐 လေးစားစွာ ကျေးဇူးတင်ရှိပါတယ်ရှင်။ 💐🙏
မဂ်လာပါရှင်။
🌻🍀ယနေ့အစီအစဉ်သို့ ကြွရောက်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် တန်ဖိုးရှိသော စာပေအသိပညာနှင့် အတွေ့အကြုံများကို မျှဝေပေးခဲ့ကြသည့် စာရေးဆရာကြီး ဦးရွှေအောင်သင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်း ညွှန်ကြားရေးမှူးကြီး ဒေါ်သင်းသင်းဇင်၊ စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေး ဆရာကြီး ဦးမောင်မောင်တာ၊ နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးကို FUTURE STARS မိသားစုမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ 🙏💐
🍀🌻အထူးသဖြင့် စာရေးဆရာကြီး ဦးရွှေအောင်သင်း၏ ဟောပြောမျှဝေမှုမှာ ကလေးများအတွက် အလွန်အဓိပ္ပာယ်ရှိပြီး စိတ်နှလုံးထဲအထိ ရောက်ရှိစေခဲ့ပါတယ်။ မိဘတို့၏ မေတ္တာ၊ မိမိတို့အပေါ်ထားရှိသော စေတနာနှင့် ကျေးဇူးတရားတို့ကို ကလေးများ ပိုမိုနားလည်သဘောပေါက်လာခဲ့ကြပြီး ဟောပြောပွဲအပြီးတွင်လည်း မိမိတို့ သိရှိနားလည်ခဲ့သည့်အကြောင်းအရာများကို ပြန်လည်ဆွေးနွေးမျှဝေနိုင်ခဲ့ကြသည်ကို တွေ့မြင်ရသည့်အတွက် ကျောင်းအနေဖြင့် အထူးဝမ်းသာဂုဏ်ယူမိပါတယ်ရှင်။ 💗
📚✨ စာဖတ်ခြင်းဖြင့် အနာဂတ်ကို တည်ဆောက်ကြခြင်းဖြစ်ပါတယ်။ ✨📚
🌻ယနေ့ FUTURE STARS PRESCHOOL & PRIVATE SCHOOL တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ခြင်းကို ချစ်မြတ်နိုးလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူနိုင်စေရန်နှင့် အသိပညာ၊ အတွေးအမြင်များ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်၍ စာပေအသိပညာပေး အစီအစဉ်တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။ 🌿
📖 အစီအစဉ်အတွင်း စာအုပ်များ လေ့လာဖတ်ရှုခြင်း၊ စာပေဗဟုသုတများ မျှဝေခြင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း လေ့လာသိရှိစေခဲ့ပါတယ်။
စာဖတ်ခြင်းသည်
🌟 ဗဟုသုတတိုးပွားစေခြင်း
🌟 စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားစေခြင်း
🌟 စိတ်ကူးစိတ်သန်းနှင့် ဖန်တီးနိုင်စွမ်း တိုးတက်စေခြင်း
🌟 ဘာသာစကားစွမ်းရည် ကောင်းမွန်စေခြင်း
တို့အပြင် ဘဝတစ်လျှောက် သင်ယူတတ်သော အလေ့အကျင့်ကောင်းတစ်ခုကိုပါ တည်ဆောက်ပေးနိုင်ပါတယ်။
🍀🌻ကလေးများကို စာအုပ်များနှင့် နီးစပ်စေပြီး “စာဖတ်ချင်စိတ်” ကို မွေးမြူပေးခြင်းသည် သူတို့၏အနာဂတ်အတွက် ပေးနိုင်သည့် အဖိုးတန်ဆုံးလက်ဆောင်များထဲမှ တစ်ခု ဖြစ်ပါတယ်။ 💚
🍀🌻FUTURE STARS အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာ၊ အတွေးအမြင်နှင့် ကိုယ်ရည်ကိုယ်သွေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေမည့် ပညာရေးအခွင့်အလမ်းများကို ဆက်လက်ဖန်တီးပေးသွားမည် ဖြစ်ပါေကြာင်း ယနေ့ အခမ်းအနား မှတ်တမ်းပုံရိပ်များဖြင့် တင်ပြအပ်ပါတယ်ရှင်။ 🌟
📚 Read More • Learn More • Dream Bigger 🌟


















