🌻ဝါဆိုလဝါဆိုသက်န်းကပ်လှူပူဇော်ခြင်း တွင် FUTURE STARS မိသားစုဝင်များ၊ မိဘများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စေတနာ၊ သဒ္ဓါတရားများဖြင့် စုပေါင်း၍ ဝါဆိုသင်္ကန်းနှင့် ပရိက္ခရာပစ္စည်းများကို ဆက်ကပ်လှူဒါန်းနိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ပီတိဖြစ်ရပါတယ်ရှင်။
✨ ယခုနှစ်တွင် အလှူငွေစုစုပေါင်း ကျပ်သိန်း (၆၀) ကျော် လှူဒါန်းနိုင်ခဲ့သည့်အပြင် သင်္ကန်းနှင့် ပရိက္ခရာပစ္စည်းအစုံအလင် ကိုလည်း ဆက်ကပ်လှူဒါန်းနိုင်ခဲ့ခြင်းမှာ FUTURE STARS မိသားစုအတွက် အလွန်ဂုဏ်ယူဖွယ် ကုသိုလ်မှတ်တိုင်တစ်ခု ဖြစ်ပါတယ်ရှင်။
🌿 FUTURE STARS PRIVATE SCHOOL တွင်လည်း ယခုနှစ်၌ ယခင်နှစ်များထက် ကျောင်းသား၊ ကျောင်းသူဦးရေ ပိုမိုများပြားလာခဲ့သကဲ့သို့ မိဘများ၏ စေတနာ၊ သဒ္ဓါတရားနှင့် ပူးပေါင်းပါဝင်မှုတို့မှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုထက်သန်လာသည်ကို မြင်တွေ့ရသည့်အတွက် အလွန်လေးစားဂုဏ်ယူ ကျေးဇူးတင်ရပါတယ်ရှင်။
🌿 ထို့အပြင် ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားတွင် ပါဝင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူဦးရေမှာလည်း ယခုနှစ်တွင် ယခင်နှစ်များထက် အများဆုံးဖြစ်ခဲ့ပြီး၊ ကလေးများ၏ ဘာသာတရားအပေါ် လေးစားတန်ဖိုးထားမှု၊ ကုသိုလ်ရေးရာများတွင် တက်ကြွစွာ ပါဝင်လိုစိတ်နှင့် ယဉ်ကျေးမှုအစဉ်အလာကို ဆက်လက်ထိန်းသိမ်းလိုသည့် စိတ်ဓာတ်တို့ကို ထင်ဟပ်စေခဲ့ပါတယ်။
🙏 ဤကဲ့သို့ အောင်မြင်စွာ ကုသိုလ်ပြုလုပ်နိုင်ရန်အတွက် စေတနာအပြည့်ဖြင့် ပါဝင်လှူဒါန်းပေးကြသော မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပါဝင်ကူညီပေးကြသူအားလုံးကို FUTURE STARS PRIVATE SCHOOL မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
“ပညာရေးနှင့်အတူ ယဉ်ကျေးမှု၊ ကိုယ်ကျင့်တရားနှင့် ကုသိုလ်ကောင်းမှုများကို လက်ဆင့်ကမ်းပေးနိုင်ခြင်းသည် FUTURE STARS ၏ အမြင့်မြတ်ဆုံး ရည်မှန်းချက်ဖြစ်ပါတယ်ရှင်။” 💚🙏
🌻🌻မိဘများ အားလုံး ကုသိုလ်ထပ်တူရကြ၍ သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်။ 🙏🙏🙏















































