အာဇာနည်နေ့ အကြို ဟောပြောပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား

🌻🌻FUTURE STARS PRIVATE SCHOOL တွင် အာဇာနည်နေ့ကို ဂုဏ်ပြုအမှတ်တရအဖြစ် အာဇာနည်နေ့ အကြို ဟောပြောပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို လေးနက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်ရှင်။

🌻🌻အခမ်းအနားကို Managing Director မှ အဖွင့်အမှာစကား ပြောကြားခြင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ စွန့်လွှတ်အနစ်နာခံမှု၊ နိုင်ငံချစ်စိတ်နှင့် မျိုးဆက်သစ်လူငယ်များ သိရှိနားလည်ထားသင့်သည့် သမိုင်းတန်ဖိုးများအကြောင်းကို အားပေးတိုက်တွန်း ပြောကြားခဲ့ပါတယ်။

🌻🌻ထို့နောက် ဧည့်သည်တော် စာရေးဆရာ မောင်လေပြေ (တောင်တွင်း) နှင့် စာရေးဆရာ ဖိုလေးလုံးသောင်း ကိုကို တို့က အာဇာနည်နေ့၏ သမိုင်းဝင်အဓိပ္ပာယ်၊ အမျိုးသားရေးစိတ်ဓာတ်နှင့် လူငယ်များအတွက် အဖိုးတန်သော အသိပညာများကို စိတ်ဝင်စားဖွယ် ဟောပြောမျှဝေပေးခဲ့ကြပါတယ်ရှင်။

🌻🌻ထို့အပြင် Grade 6 နှင့် Grade 7 ကျောင်းသား၊ ကျောင်းသူများက—
📖 အာဇာနည်နေ့ ဖြစ်ပေါ်လာခြင်း
📖 အာဇာနည်နေ့နှင့် ပတ်သက်သော သိမှတ်ဖွယ်ရာများ
📖 အာဇာနည်နေ့ ဖြစ်ပေါ်လာရခြင်းမှ ယနေ့တိုင် မမေ့နိုင်ရသည့် အကြောင်းအရာများ
📖 “အာဇာနည်နေ့မြတ် မမေ့အပ်”
စသည့် ခေါင်းစဉ်များဖြင့် Group Presentation များကို ယုံကြည်မှုအပြည့်၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုကောင်းများဖြင့် တင်ဆက်ခဲ့ကြပါတယ်။

🌻🌻Presentation များကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား Certificate of Appreciation များကိုလည်း ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပါတယ်ရှင်။

🌻🌻FUTURE STARS PRIVATE SCHOOL အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာပေဗဟုသုတသာမက သမိုင်းအသိ၊ နိုင်ငံချစ်စိတ်၊ တာဝန်ယူမှုနှင့် အကျင့်စာရိတ္တကောင်းများကိုပါ ပြုစုပျိုးထောင်ပေးနိုင်ရန် အမြဲအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း လေးစားစွာအသိပေးအပ်ပါတယ်ရှင်။

🌻🌻လေးစားအပ်ပါသော ဧည့်သည်တော် စာရေးဆရာကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပါဝင်အားဖြည့်ပေးသူအားလုံးကို FUTURE STARS PRIVATE SCHOOL မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်။

🇲🇲 “အာဇာနည်တို့၏ စွန့်လွှတ်မှုကို အမှတ်ရခြင်းသည် အနာဂတ်မျိုးဆက်များ၏ တာဝန်ဖြစ်သည်။”

#FutureStarsPrivateSchool

#MartyrsDay2026

#GroupPresentation

#CertificateOfAppreciation

#RememberingOurMartyrs

#OpportunitiesForLifelongLearning