💫 မူးယစ်ဆေးဝါးကင်းစင်သော ပတ်ဝန်းကျင်၊ တောက်ပသော လူငယ်တို့၏ အနာဂတ် 💫

📅 ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အဖြစ် အကြို မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကို ၂၀၂၆ ခုနှစ် ဇွန်လ (၂၄) ရက်နေ့ နံနက် (၉:၃၀) နာရီမှ (၁၁:၃၀) နာရီအထိ 🏫 FUTURE STARS PRE SCHOOL & PRIVATE SCHOOL ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်ရှင်။

🎤 အခမ်းအနားတွင်

👤 ဦးမောင်မောင်တာ (စာရေးဆရာ သဘာဝ)
ညွှန်ကြားရေးမှူး (ငြိမ်း)၊ လူမှုဝန်ထမ်းဦးစီးဌာန
ဥက္ကဌ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်း

မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

📚 ထို့နောက်

👤 ဦးအောင်ဇော်ထွေး
ဦးစီးအရာရှိ
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန

မှ ဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်ရှင်။

🌱 ဆက်လက်၍

👤 ဦးရဲလင်းအောင်
(စာရေးဆရာ မောင်လေပြေ-တောင်တွင်း)
အတွင်းရေးမှူး
ပြည်ထောင်စုနယ်မြေ နေပြည်တော် စာကြည့်တိုက်များဖောင်ဒေးရှင်း

မှ “ဘဝအားမာန် ဗလငါးတန်” ခေါင်းစဉ်ဖြင့် လူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သော အနာဂတ်တည်ဆောက်ရေးအကြောင်း အသိပညာပေး ဟောပြောခဲ့ပါတယ်။

🚫 ထို့အပြင်

👤 ဦးဇော်အောင် (ဟိန်းအောင်)
ဥက္ကဌ

👤 ဦးစံဝင်း
(ဘဝသစ်စာကြည့်တိုက်)
အတွင်းရေးမှူး

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)၊ နေပြည်တော်အသင်းခွဲ

တို့မှ မူးယစ်ဆေးဝါး၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးများ၊ လူငယ်များ၏ ဘဝနှင့် မိသားစုအပေါ် ထိခိုက်နိုင်မှုများ ကို လက်တွေ့အတွေ့အကြုံများဖြင့် မျှဝေဟောပြောခဲ့ကြပါတယ်။

📖 အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ်

👤 ဦးသန်းမင်းထွန်း
(စာရေးဆရာ မောင်သန်းညွန့်-မြစ်ခြေ)
အလုပ်အမှုဆောင်အဖွဲ့ဝင်
ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း

မှ FUTURE STARS SCHOOL စာကြည့်တိုက်အတွက် စာအုပ်များ လှူဒါန်းပေးအပ်ရာ

👩‍🏫 တည်ထောင်သူနှင့် Managing Director ဆရာမကြီး
ဒေါ်အေးသန့်လှိုင်

မှ လက်ခံရယူခဲ့ပါတယ်ရှင်။

🙏 အခမ်းအနားအပြီးတွင်

👨‍💼 Founder ဆရာကြီး ဦးဝင်းထက်စိုး

မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဟောပြောပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

✨ FUTURE STARS PRE SCHOOL & PRIVATE SCHOOL အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးထူးချွန်မှုသာမက ကိုယ်ကျင့်တရားကောင်းမွန်မှု၊ ကျန်းမာသော လူနေမှုပုံစံနှင့် မူးယစ်ဆေးဝါးကင်းစင်သော လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေးအတွက် အစဉ်တစိုက် အလေးထား ဆောင်ရွက်လျက်ရှိပါတယ်ရှင်။

🌟 “ယနေ့ လူငယ်များ၏ မှန်ကန်သော ရွေးချယ်မှုသည် မနက်ဖြန်၏ တောက်ပသော အနာဂတ်များဖြစ်ပါတယ်ရှင်။”