FUTURE STARS PRE & PRIVATE SCHOOL13th Anniversary

🌻လေးစားအပ်ပါသော မိဘများ၊ ဆရာ/ဆရာမများ၊ ချစ်လှစွာသော ကျောင်းသား/ကျောင်းသူများနှင့် FUTURE STARS မိသားစုဝင်အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။🌻

🌻FUTURE STARS PRIVATE SCHOOL အတွက် အထူးအဓိပ္ပါယ်ရှိသော နေ့လေး တစ်နေ့ ကျင်းပခဲ့ပါတယ်။ ကျွန်မတို့၏ FUTURE STARS ကျောင်းတော်ကြီး တည်ထောင်လာခဲ့သည်မှာ (၁၃) နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ယနေ့ 13th Anniversary Celebration ကို ကျင်းပနိုင်ခြင်းမှာ အားလုံး၏ ယုံကြည်မှု၊ ပူးပေါင်းပါဝင်မှုနှင့် မေတ္တာတို့ကြောင့်သာ ဖြစ်ပါတယ်ရှင်။🌻

🌻(၁၃) နှစ်ဆိုသည်မှာ အချိန်ကာလတစ်ခုသာ မဟုတ်ပါဘူးရှင်။ အားလုံး ၏ အိပ်မက်များကို အကောင်အထည်ဖော်ခဲ့ရတဲ့ ခရီးတစ်ခုဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်များကို တည်ဆောက်ပေးခဲ့သည့် ခရီးတစ်ခုလည်းဖြစ်ပါတယ်။ 🌻
🍀#စိန်ခေါ်မှုများစွာကြားမှ မရပ်တန့်ဘဲ ရှေ့ဆက်ခဲ့သည့် ခရီးတစ်ခုလည်း ဖြစ်ပါတယ်ရှင်။🍀🪴

🌻🪴ကျွန်မတို့ FUTURE STARS သည် ကျောင်းသား ကျောင်းသူ များကို စာတတ်မြောက်စေရုံသာမက လူကောင်းလူတော်များဖြစ်စေရန်၊ တာဝန်ယူတတ်သော နိုင်ငံသားေကာင်းေလးများဖြစ်စေရန်နှင့် မိမိတို့၏ အိပ်မက်များကို ယုံကြည်စွာ လျှောက်လှမ်းနိုင်စေရန် အစဉ်ကြိုးစားခဲ့ပါတယ်။🌻

🍀ယနေ့ ကျွန်မတို့ မြင်တွေ့နေရသော အောင်မြင်မှုတိုင်း၏ နောက်ကွယ်တွင် မိဘများ၏ ယုံကြည်မှု၊ ဆရာ/ဆရာမများ၏ အနစ်နာခံကြိုးစားမှုများနှင့် ကျောင်းသား ကျောင်းသူများ၏ ဇွဲလုံ့လတို့ ရှိနေပါတယ်ရှင်။🌻

🪴🌻ထို့ကြောင့် ဤအခမ်းအနားမှတစ်ဆင့် FUTURE STARS အပေါ် ယုံကြည်စွာ အပ်နှံပေးခဲ့ကြသော မိဘများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။🪴🌻

🪴🌻ထို့အပြင် နေ့စဉ်နေ့တိုင်း မျိုးဆက်သစ်လူငယ်များကို ပညာအလင်းရောင် ပေးနေကြသော ဆရာ/ဆရာမများအားလုံးကိုလည်း လေးစားဂုဏ်ပြုအပ်ပါတယ်။🪴🌻

🌻🌻🩵🩵ချစ်လှစွာသော ကျောင်းသား၊ ကျောင်းသူများ…သို့လည်း🩵🩵
🪴🌻သားတို့ သမီးတို့ သည် FUTURE STARS ၏ အောင်မြင်မှုများထဲမှ အရေးကြီးဆုံး အောင်မြင်မှုဖြစ်ပါတယ်။
သားတို့သမီးတို့၏ ကြိုးစားအားထုတ်မှု၊ အိပ်မက်များနှင့် အနာဂတ်အတွက် ယုံကြည်မှုများသည် ကျွန်မ တို့၏ မျှော်လင့်ချက်ဖြစ်ပါတယ်ရှင်။🪴🌻

🌻ယနေ့ (၁၃) နှစ်ပြည့် အခမ်းအနားတွင် ကျွန်မတို့ အတွက် အတိတ်အောင်မြင်မှုများကို ဂုဏ်ပြုရုံသာမက အနာဂတ်အတွက် ပိုမိုမြင့်မားသော ရည်မှန်းချက်များကိုလည်း သတ်မှတ်ထားပါတယ်။

🌻🪴ပိုမိုကောင်းမွန်သော ပညာရေး၊ ပိုမိုကျယ်ပြန့်သော အခွင့်အလမ်းများနှင့် ကမ္ဘာ့အဆင့်မီ သင်ယူမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန် ဆက်လက်ကြိုးစားသွားမည် ဖြစ်ပါတယ်ရှင်။

🌻🌻🙏FUTURE STARS နှင့်အတူ လျှောက်လှမ်းပေးခဲ့ကြသူများအားလုံးကို ထပ်မံ၍ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။🙏🌻🌻🌻

🌻🌻🌻”13 Years of Nurturing Dreams, Shaping Bright Futures” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျွန်မတို့ FUTURE STARS သည် အိပ်မက်များကို မွေးမြူပေးရင်း တောက်ပသော အနာဂတ်များကို ဆက်လက်ဖန်တီးသွားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ရှင်။🌻🌻🌻

Together We Shine, Together We Grow.
အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။🙏🙏🙏